Details Policy

အောက်ပါဖော်ပြချက်များသည် ပညာစုဗူး(Pyinnyar Subuu) ကို အသုံးပြုမည် ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး နောက်ပိုင်းတွင် “pyinnyar-subuu.com” ကို (ပညာစုဗူး သို့မဟုတ် Pyinnyar Subuu သို့မဟုတ် ကျွန်ုပ်တို့ သို့မဟုတ် ဝက်ဆိုဒ် ဟု ) ရည်ရွယ် သုံးနှုန်းသွားမည်ဖြစ်ပါသည်။

  • (က) အသုံးပြုသူဆိုသည်မှာ ပညာစုဗူး Platform ပေါ်ရှိ ပညာစုဗူး websiteအား အသုံးပြုနေသော ဆရာ/ဆရာများနှင့် ကျောင်းသားများကို ရည်ညွှန်းပါသည်။
  • (ခ) ဆရာများဆိုသည်မှာ ပညာစုဗူး တွင် အွန်လိုင်းသင်ကြားမှု ပြုလုပ်နေသော ဆရာ/ဆရာမများကို ရည်ညွှန်းပါသည်။
  • (ဂ) ကျောင်းသားများဆိုသည်မှာ ပညာစုဗူး တွင် အွန်လိုင်းသင်တန်းများ သင်ယူလေ့လာနေသော ကျောင်းသားများကို ရည်ညွှန်းပါသည်။
  • ဤ website ကို သင်အသုံးပြုမည်ဆိုပါက အောက်ပါ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံရန် လိုအပ်ပါသည်။ အကယ်၍ အောက်ပါ အချက်အလက် စည်းမျဉ်းစည်းကမ်း များကို သဘောမတူပါက ဤ website ကို အသုံးမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

  • ၂.၁ ပညာစုဗူး ၏ Web Services များအား အသုံးပြုရန် လျှောက်ထားသောအခါ အသုံးပြုသူ သည် တိကျသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအားထည့်သွင်းရန်လိုအပ်ပါသည်။ ထို့ပြင် အချက်အလက်ဆိုင်ရာ အပြောင်းအလဲများ ရှိလာလျှင်လည်း ချက်ချင်း အသစ်ပြန်လည်ပြုပြင်ရန်လိုအပ်ပါသည်။
  • ၂.၂ ထို့ပြင် ပညာစုဗူး မှတောင်းဆိုမှုများရှိလာပါက ထည့်သွင်းထားသော ကိုယ်ရေးအချက်အလက်များ၏ တိကျမှန်ကန်မှုအား အတည်ပြုရန် အထောက်အထားများ စီစဉ်ပေးရန်လိုအပ်မည်ဖြစ်သည်။
  • ၂.၃ အသုံးပြုသူသည် မိမိ၏ User Account နှင့် Password အား အခြားသူများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်းများ မပြုရပါ။ အသုံးပြုသူသည် မိမိ၏ User Account အား အခြားသူများမှ တရားမဝင် အသုံးပြုနေသည်ကို ရှာဖွေတွေ့ရှိလျှင် ပညာစုဗူး ထံသို့ ချက်ချင်း အသိပေးရမည်ဖြစ်သည်။
  • ၂.၄ အကယ်၍ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် User Account နှင့် Password အား အခြားသူများ၏ တရားမဝင်အသုံးပြုမှုများ ဖြစ်ပေါ်လာပါက(သို့မဟုတ်) တိုက်ခိုက်ခံရပါက ပညာစုဗူး နည်းပညာကုမ္ပဏီ အနေနှင့် မည်သည့်ပုံစံမျိုးနှင့်မှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ပြုမည် မဟုတ်ပါ။
  • ၂.၅ ပညာစုဗူးကို အသုံးပြုရန် အွန်လိုင်းဝန်ဆောင်မှုများအတွက် သဘောတူသည့် အသက်အရွယ်သို ရောက်ရှိနေရန်လိုအပ်ပါသည်။
  • ၃.၁ အသုံးပြုသူ သည် မြန်မာနိုင်ငံတွင်ရှိသည့် ဆက်သွယ်ရေး ဥပဒေ အပြင် အခြားသက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များအားလုံးအား လိုက်နာရမည်ဖြစ်ပါသည်။
  • ၃.၂ အသုံးပြုသူသည် Web ဝန်ဆောင်မှုများနှင့် စပ်ဆိုင်သည့် အားလုံးသော သဘောတူညီချက်များ၊ ထုတ်ပြန်ချက်များ နှင့် လုပ်ငန်းစဉ်များအား လိုက်နာရမည် ဖြစ်ပါသည်။
  • ၃.၃ အသုံးပြုသူသည် မည်သည့် မှတ်ပုံတင်မူပိုင်များ၊ မူပိုင်ခွင့်များ၊ နာမည်ဂုဏ်သတင်းဆိုင်ရာ ရပိုင်ခွင့် (သို့မဟုတ်) အခြားမည်သို့သော တရားဝင် ရပိုင်ခွင့်များ နှင့် တတိယ အဖွဲ့အစည်း၏ အကျိုးစီးပွားများ အပေါ်တွင် စည်းမျဉ်းချိုးဖောက်ခြင်းများ မပြုရပါ။
  • ပညာစုဗူး သည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ အောက်ပါ အရာများကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။

  • ၄.၁ ဤ သဘောတူညီမှုကို ပြင်ဆင်ဖြည့်စွက်နိုင်ခြင်း နှင့်
  • ၄.၂ ဤ သဘောတူညီမှု တွင် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ထည့်သွင်းခြင်း စသည်တို့ဖြစ်သည်။ အကယ်၍ သဘောတူညီချက်ကို ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များရှိပါက ကျွန်ုပ်တို့ပညာစုဗူးဘက်မှ အကြောင်းကြားသွားမည် ဖြစ်ပါသည်။
  • အဆိုပါပြင်ဆင်မှုများ အပြီး Website ကို ဆက်လက်အသုံးပြုနေပါက သင်သည် ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များကို နားလည်လက်ခံ သဘောပေါက်ပြီး ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယူဆပါသည်။

  • ၅.၁ ကျွန်ုပ်တို့ ပညာစုဗူးဘက်မှ ပညာစုဗူး Website နှင့် ဝန်ဆောင်မှုများပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်ရာတွင် မည်သည့်အချိန်၌မဆိုဆောင်ရွက်နိုင်ပါသည်။
  • ၅.၂ သတ်မှတ်ထားသည့်စည်းကမ်းချက်များအားဖောက်ဖျက်ပါက ပညာစုဗူးဘက်မှ သင်၏ Account / ငွေပေးချေမှု စသည်တို့ကို မည်သည့်အချိန်တွင်မဆို ဖျက်သိမ်းခွင့်ရှိသည်။
  • ၅.၃ မည်သည့်အချိန် ၌မဆို ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များကို ပြောင်းလဲနိုင်သည်။
  • ၅.၄ အကယ်၍ ဆရာများ၏ Account တွင် ကျွန်ုပ်တို့၏ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည်ကို တွေ့ရှိပါက ယင်းဆရာများကို ပညာစုဗူးဘက်မှ ထုတ်ပယ်နိုင်သည်။
  • ၅.၅ ပညာစုဗူး ဘက်မှ စည်းမျဉ်းစည်းကမ်းတစ်ချို့နှင့် မကိုက်ညီသော အွန်လိုင်းသင်တန်းများ၊ Comment များ ၊ Review များကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်သည်။
  • ပညာစုဗူးရှိအွန်လိုင်းသင်တန်းကို စာရင်းပေးသွင်းခြင်းဖြင့် ကျောင်းသားများသည် အောက်ပါအချက်များကို လိုက်နာပါမည်ဟု ယူဆပါသည်။

  • ၆.၁ သင်ခန်းစာနှင့် သက်ဆိုင်သော Assignments များ၊ Project များကို မိမိဘာသာ လုပ်ဆောင်ပါမည်။
  • ၆.၂ User Account တစ်ခုတည်းသာ အသုံးပြုပြီး အခြားသူများနှင့် မိမိ၏ Username နှင့် Password များကို မျှဝေသုံးဆွဲခြင်း မပြုပါ။
  • ၆.၃ စာမေးပွဲ ရလဒ်များ၊ assignment များနဲ့ ပတ်သတ်၍ မသမာသည့်နည်းလမ်းများဖြင့် မိမိအမှတ်များအောင်၊ အခြားသူများ အမှတ်နည်းအောင် မပြုလုပ်ပါ။
  • ၆.၄ သင်ခန်းစာများနှင့် သင်ခန်းစာအဖြေများကို လူမှုကွန်ယက်ပေါ်သို့ဖြန့်ဝေခြင်းမပြုပါ။
  • ပညာစုဗူးရှိ အွန်လိုင်းသင်တန်း တစ်ခုခုတွင် တက်ရောက်ရန် စာရင်းပေးသွင်းပြီးပါက အောက်ပါအချက်များကို ကျောင်းသားများမှ လက်ခံမည်ဟု မှတ်ယူပါမည်။

  • ၇.၁ ကျောင်းသားသည် ပညာစုဗူး ၏ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ၊ ခံဝန်ကတိပြုခြင်းနှင့်၊ စည်းမျဉ်းစည်းကမ်းများ ကို လက်ခံသည်ဟု ယူဆပါသည်။
  • ၇.၂ ခံဝန်ကတိကို ဖောက်ဖျက်ပါက Assignments အတွက်အမှတ်မရခြင်း၊ သင်တန်းမှ ထုတ်ပယ်ခြင်း ၊ ပညာစုဗူး Website ကို နောက်တစ်ကြိမ် အသုံးပြုခွင့်မရအောင် ဆောင်ရွက်ခြင်း၊ သင်တန်းဆရာများ ၊ အခြားသော course provider များမှလည်း အရေးယူအောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်သွားပါမည်။
  • ၇.၃ ဆရာများမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို လည်းလိုက်နာပြီး အခြားကျောင်းသားများအပေါ် နှောင့်ယှက်မှုမရှိဟု ယူဆပါသည်။
  • ၇.၄ သင်တန်း၏ အချက်အလက် ကုန်ကြမ်းများ၊ နည်းလမ်းများကိုကူးယူပြီး သင့်ကိုယ်ပိုင် (သို့မဟုတ်) အခြားသူတစ်ဦးဦး၏ အတန်းတွင် ပြန်လည်ဖြန့်ဝေခြင်းမပြုရပါ။
  • ၇.၅ အကယ်၍ သတ်မှတ်ထားသော စည်းကမ်းတစ်ခုခုကို ချိုးဖောက်ပါက ပညာစုဗူးဘက်မှ သင်၏ အကောင့်ကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်ပါသည်။
  • ၈.၁ သင်တန်းသားများမှ သင်တန်းကြေးများကို အွန်လိုင်း ငွေပေးချေမှု အကောင့်များ (Kpay, Wavepay,... etc) နှင့် ဘဏ်အကောင့်များမှ တစ်ဆင့် ငွေပေးချေနိုင်သည်။
  • ၉.၁ ပညာစုဗူးဘက်မှ အသစ်ဝင်သည့် ကျောင်းသားဦးရေ စာရင်းကို ပေးပို့ပြီး ဆရာ့၏ ဘဏ်အကောင့်ထဲသို့ လစဉ် လကုန်ရက်တိုင်းတွင် စာရင်းရှင်းတမ်းဖြင့် ငွေပေးချေသွားပါမည်။
  • ၉.၂ ဆရာတစ်ဦးချင်းစီနှင့် ပညာစုဗူးတို့နှစ်ဦးသဘောတူချုပ်ဆိုထားသော စာချုပ်ပါ သဘောတူညီချက်များနှင့် မကိုက်ညီသော အပြုအမူများကို ပြုလုပ်ပါက ပညာစုဗူးဘက်မှ ဆရာများအား ငွေပေးချေမှုနှင့်ပတ်သတ်၍ တရားဝင်ပယ်ဖျက်ခြင်း ထိန်ချန်ခြင်းများ ပြုလုပ်နိုင်ပါသည်။
  • ၁၀.၁ ပညာစုဗူးဘက်မှ အွန်လိုင်းသင်တန်းကြေးများကို အတန်းမဖွင့်မီ ၃ရက်အတွင်းတွင် ငွေပြန်မအမ်းပါ။ အတန်းဖွင့်ရန် ၃ရက်အထက်လိုသေးပြီး ခိုင်လုံသောအကြောင်းပြချက်ရှိပါက သင်တန်းကြေး၏ ၅၀ ရာခိုင်နှုန်းကို ပညာစုဗူးမှ ငွေပြန်အမ်းပါမည်။ခိုင်လုံသော အကြောင်းပြချက် ဟုတ်မဟုတ်ကို ပညာစုဗူးဘက်မှ စစ်ဆေးပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
  • ၁၁.၁ ပညာစုဗူးဘက်မှ သင်တန်းကြေးများ၊ ဝန်ဆောင်မှုများနှင့်ပတ်သတ်သော ဈေးနှုန်းများ၊ အခမဲ့ဝန်ဆောင်မှုတို့ကို အချိန်မရွေး ပြောင်းလဲသတ်မှတ်နိုင်သည်။ သို့ဖြစ်၍ သင်တန်းကြေးများမှာ ကျောင်းသားတစ်ဦးချင်းစီအတွက် ဝယ်ယူသည့် အချိန်ကာလပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။
  • ၁၁.၂ သင်တန်းကြေး အပြောင်းအလဲများနှင့် ပတ်သတ်၍ အသိပေးအကြောင်းကြားမှုများအား ကျောင်းသားများထံသို့အခြားသင့်တော်သော နည်းလမ်းများဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်သည်။
  • ၁၂.၁ သင်တန်းတစ်ခုပြီးဆုံးပါက ပညာစုဗူးဘက်မှပေးပို့သော လင့်ခ်မှတစ်ဆင့် သင်တန်းသားများမှ မှတ်ချက်များပေးပါက နောက်တက်မည့် သင်တန်းအတွက် ဒစ်စကောင့်များရရှိမည်ဖြစ်သည်။
  • ၁၃.၁ ဆရာများဘက်မှ အတန်းတစ်တန်းတွင် စုစုပေါင်းရရှိသောသင်တန်းကြေး၏ ၁၀ရာခိုင်နှုန်း ကို ဝန်ဆောင်ခအနေဖြင့် ပညာစုဗူးwebsiteထံပေးဆောင်ရမည်ကို သိရှိပြီးဟုယူဆပါသည်။
  • ဝက်ဆိုဒ် ၏စည်းမျဉ်းစည်ကမ်းနှင့်မကိုက်ညီသော အပြုအမူများကို လုပ်ဆောင်ပါက သင် ၏အကောင့်အား ယာယီရပ်ဆိုင်းခြင်း အပြီးအပိုင်ရပ်စဲခြင်းတို့အားကျွန်ုပ်တို့ ပြုလုပ်ပိုင်ခွင့်ရှိသည်။
  • ကျိုးကြောင်းဆီလျော်သော အကြောင်းကြားချက် ပေးပို့ပြီးနောက်ဖြစ်စေ အကျိုးအကြောင်းမပေးပို့ဘဲဖြစ်စေ ကျွန်ုပ်တို့ ၏ ဝက်ဆိုဒ်အား သင့် ၏ဝင်ရောက်မှုကို ရပ်ဆိုင်းနိုင်ပြီး သင်နှင့်ဆက်စပ်နေသော အချက်အလက်အားလုံးကို ဆုံးရှုံးစေကာ ပျက်စီးစေနိုင်သည်။
  • အထက်တွင် ဖော်ပြထားသော စည်းမျဉ်းများ နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက sys@pyinnyar-subuu.com သို့ အီးမေးလ် ပေးပို့ မေးမြန်းနိုင်သည်။