စီမံခန့်ခွဲမှုကုမ္ပဏီအကြောင်း

ပညာစုဗူး(Pyinnyar Subuu) သည် ဂျပန်နိုင်ငံအခြေစိုက် Bliss Stock ကုမ္ပဏီမှ အဖွဲ့ဝင်များမှ တည်ဆောက်ထားသော မြန်မာနိုင်ငံရှိ ‌ကျောင်းသား၊ ကျောင်းသူများ အတွက် သင်ကြားရေးနယ်ပယ်တွင် တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားသော အွန်လိုင်းသင်ကြားရေး ဝက်ဆိုဒ် (online learning website) တစ်ခုဖြစ်ပါသည်။ Bliss Stock ကုမ္ပဏီသည် အိုင်တီ (IT) နည်းပညာနယ်ပယ်တွင် (၁၅) နှစ်ကြာ အတွေ့အကြုံကို အခြေခံ၍ မြန်မာနိုင်ငံအတွက်လည်း၊ အိုင်တီဝန်ဆောင်မှု (IT solution services) များကို လုပ်ဆောင်နေပါသည်။ မြန်မာ အိုင်တီ (IT) တက္ကသိုလ်များမှ လူငယ်များ၊ အိုင်တီ (IT) နှင့်ဂျပန်စာကျွမ်းကျင်သော လူငယ်များ၊ ဂျပန်နိုင်ငံသို့သွားရောက်၍ နည်းပညာပိုင်းဆိုင်ရာ အလုပ်လုပ်ကိုင်လိုသော လူငယ်များကိုလည်း ခေါ်ယူ၍ ပြုစုပျိုးထောင်ပေးနေပါသည်။ ယခုလို သင်ကြားရေးဆိုင်ရာ ဝက်ဆိုဒ်များကို ဖန်တီးပြီး၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၊ အကြားကွာဟနေသော လူမှုပတ်ဝန်းကျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ကုမ္ပဏီတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။ အနာဂတ်တွင်လည်း နယ်ပယ်အသီးသီးမှ မြန်မာလူငယ်၊ ‌ကျောင်းသားကျောင်းသူ၊ သက်မွေးပညာ၊ နည်းပညာ ဆရာ၊ ဆရာမ သုံးစွဲသူများ၏ အားပေးထောက်ခံမှုများကို မျှော်လင့်နေပါသည်။


ကုမ္ပဏီ ၏ အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှ ကြည့်ရှုနိုင်ပါသည်။
Bliss Stock.co.jp